Hlaing Tharyar

လှိုင်သာယာ

Ko Than Tun

မုန်တိုင်းထဲ သန္ဓေယူခဲ့သူတွေဆိုတော့

မုန်တိုင်းနဲ့ သန္ဓေတူခဲ့ကြတာ ဆန်းလား

ငါတို့က လူမိုက်တွေ

သိုးတွေလို

ခံဘက်က နေခဲ့ကြဘူးတဲ့ လူမွဲတွေပေါ့

ခု-ခွေးအတွေလို တိုက်စစ်ဖွင့်မယ်

ဆက်ရှင်မယ်

ငါတို့ကလူမိုက်တွေ

ခင်ဗျားတို့ပြောတော့

အသစ်တည်ဆောက်ဖို့

ဖြိုချဖျက်ဆီးဖို့လိုတယ်...ဆို

တခါတခါ

ရှင်တာထက်ကောင်းတဲ့ အဖြစ်တွေရှိခဲ့ဘူးတယ်

အဲဒါ...သတောပဲ

တခါတခါ

သေတာထက်ကောင်းတဲ့ အဖြေတွေရှိတယ်

အဲဒါ...သတ်တာပဲ

ငါတို့က လူမိုက်တွေ

အစိုးရဆိုတာ ကြေလွယ်ပျက်လွယ်တဲ့အရာ

ငါတို့က မင်းမဲ့ဝါဒီတွေ

ဥပဒေရဲ့အထက်မှာ တောရိုင်းဥပဒေရှိတယ်

ငါတို့က သားရဲတွေ

ဒီတပွဲမှာ တယောက်ယောက်သေမယ်

နောက်ပွဲမှာ ကျန်တဲ့တယောက်သေမယ်

ငါတို့က ဂလက်ဒီယေးတားတွေ

ငါတို့က

သင်္ချိုင်းမှာပေါက်တဲ့ ဆူးလို

ကိုယ့်သွေးနဲ့ကိုယ် အပမှီနေတဲ့ကောင်တွေ

ပြိုင်ဘက်က

လက်ညှိုးကိုကွေးညွှတ်လိုက်တာနဲ့ တပြိုင်နက်

ငါ့ရွေးချယ်ခွင့် ဆုံးရှုံးသွားပြီဆိုတာ

သိတယ်

ငါ့ကို ကျမ်းနဲ့လာမညှိနဲ့

ငါ့လမ်းငါသိတယ်

လှိုင်သာယာ

ပြိုင်ဘက်က ကွင်းကိုရွေးတယ်

အချိန်အခါကို ရွေးတယ်

လက်နက်ကို ရွေးတယ်

ငါ့ဓါးက ဇက်ကိုမရွေးဘူး

လှိုင်သာယာ

ဘာတွေဝေရမလဲ

ငါ့တို့မှာ ဓါးပဲရှိတာလေ....တဲ့

အလျော်တောင်းခဲ့တဲ့ ပြက်ပြက်ထဓါးချက်တွေနဲ့

လှိုင်သာယာ

ဘာဖြစ်လဲ

မုန်တိုင်းထဲပြန်သွားရ ဘာအရေးလဲ

မုန်တိုင်းနဲ့ငါပြန်လာခဲ့မယ်....ဆိုတဲ့

လှိုင်သာယာ။

Born of the storm,

No wonder we come out powerful as storms.

Gangsters...indeed,

It is who we are now.

Butchered and slaughtered, we were once the poor.

We, as if a flock of harmless sheep, had taken most beating.

Gangsters.....indeed,

It is who we are now.

And we, now, like a pack of jackals, waging an offensive war at last,

Survive and thrive is what we must.

To rebuild is to undertake ultimate demolition.

Isn't that what everyone believes in?

We sometimes get tangled up in situations,

Where it is better to die than to live,

Better to kill than be killed.

Gangsters......indeed,

It is who we are now.

Government ....?

Oh, what a fragile entity it is.

We are the outlaws.

We are the anarchists.

In the world where the law of jungle dictates,

Have we become the beasts.

Each battle claims one of us,

Yet we vow to stay the course until the last one done.

We are the gladiators.

Just like thorns on the grave,

Living on blood of our own,

We keep on fighting as if being possessed.

At the enemy's trigger, how quickly our chances can expire,

so far it has been acknowledged from the start.

For we have envisioned our path ahead,

It is only fair we refuse to go by the book instead.

Oh Hlaing Thar Yar,

Battle grounds,

Battle times and weapons...

All of which, our opponents may have at their disposals.

But one thing for sure,

We shan't unsheath our swords, if not certain for their deaths.

Hlaing Thar Yar....

"What's there to hesitate ?

We have only swords to defend ourselves," it says.

Coming for revenge, one swing after next,

How speedy our blades would strike.

Into the storm, we shall go,

With the force of storm, thus shall return.

Hlaing Tharyar

လှိုင်သာယာ

Thit Hsar Ni

ရန်ကုန်မြို့နဲ့နှိုင်းရင်

လှိုင်သာယာဆိုတာမြိုင်ရာဇာပဲ

ကဗျာမဆန်တဲ့တာဇံတွေနေတဲ့အရပ်။

ကမ္ဘာစစ်ကိုမကြုံဖူးပေမဲ့

နာဂစ်ကိုဆုံဖူးတဲ့မြစ်ဝကျွန်းပေါပျံကျတွေ၊

ရေကြည်မြက်နုရာ …..

လယ်ကိုပစ်လို့စက်ရုံရှာတဲ့အညာမွန်ဂိုတွေ၊

ရွှေ့ပြောင်းအခြေချသူတွေစုဝေးရာလှိုင်သာယာဆိုတာ

မြန်မာပြည်ရဲ့ထောပတ်စော်မနံတဲ့နယူးအဂ်လန်ပေါ့။

လှိုင်သာယာမှာကြယ်ငါးပွင့်ဟိုတယ်မလို

အသီးအရွက်ကလေးနဲ့ မီးခွက်ဈေးပဲလိုတယ်။

မလိုင်မပါတဲ့အသင့်သောက်လဘက်ရည်လိုမြို့၊

လူမိုက်ပေါတယ်လို့လဲ

ဒူးရင်းသီးအခွံလိုနာမည်ပျက်တဲ့မြို့၊

တခါတလေသူ့ကိုယ်ပေါကဒုစရိုက်တွေကို

အလုပ်သမားသပိတ်တွေနဲ့ဆေးကြောတတ်သေးတယ်။

ကျူးကျော်ရပ်ကွက်နဲ့ချွေးစက်တွေ

မသေရုံထမင်းတနပ်နဲ့ချက်အရက်အနံ့တွေ

စက်ရုံမီးခိုးနဲ့သွေးထွက်သံယိုရန်ပွဲတွေဟာ

လူယဉ်ကျေးတို့ဒေသမှာမရနိုင်တဲ့

လှိုင်သာယာရဲ့စပါယ်ရှယ်မီနူးတွေပါပဲ။

ရွှံ့စင်မှာစိုးသူတွေခြေမချတဲ့အရပ်ကို

ကမ္ဘာကျော်မင်းသမီးဂျိုလီလာတယ်

ဒေါ်အောင်ဆန်းစုကြည်လာတယ်။

အဲသလိုမြို့ဟာ ……

မြန်မာ့နွေဦးတော်လှန်ရေးမှာ

“သားရေကြိုးတင်းအောင်ကိုင်”

မိန်းမတွေကနှုတ်စကားကြမ်းကြမ်း

ယောကျ်ားတွေကတုတ်ဓါးတရမ်းရမ်းနဲ့

ကလေးလူကြီးအကုန်သွေးအတူနီးပုံက

“ဖိရင်ကြွမယ်ထိရင်ချမယ်”တဲ့

ပထမဆုံးခုခံစစ်ဟာအဲဒီမှာကန့်လန့်ကာဖွင့်ခဲ့တယ်။

အစွန်းထွက်တန်ဘိုးသီအိုရီကိုအနံ့မခံဖူးပေမဲ့

သေမထူးနေမထူးဒသနဆိုတာသူတို့ကွမ်းတံထွေး။

အင်အားကြီးတိုင်းသာအရှုံးပေးရရင်

သမ္မာကျမ်းထဲမှာစစ်ဘီလူးကြီးဂိုလိယက်ကို

သိုးကျောင်းသားဒေးဗစ်နိုင်စရာမရှိ။

အခြေခံလူတန်းစားမပါတဲ့တော်လှန်ရေးဆိုတာ

အတောင်ပန်မပါတဲ့ငှက်ပဲ။

“ငါသေရင်

ငါ့အနောက်ကကောင်

မင်းကိုခုတ်မယ်”

အလံနက်လွှင့်လိုက်ပြီ

အမှန်ဘက်ကအသင့်။

ပြောမဆုံးပေအမောဆုံးနွေမှာ

တတောလုံးဝေမယ့်သူတွေ။

သေလဲအဆန်းမဟုတ်

မကြွေရဲပဲပန်းမလုပ်။

Hlaing Thar Yar, a township in Yangon's outskirts,

not come quite close to city's heart.

Yet, a proud home to its pragmatic residents:

A prairie, also, a squatters' camp-

Taken shelter by cyclone Nargis survivors,

originally from disaster-stricken Delta.

Surely, Hlaing Thar Yar makes our version of New England,

With a twist of its less fortunate,

who seldom affords any butter.

Still, it remains a hive of migrants and,

peasants turned factory workers.

What a life in Hlaing Thar Yar;

Making no mention of Five star hotel's luxury.

It only requires,

Mee Khwat market and greengrocery.

Instant tea with no milk or creamer

Resembles a taste Hlaing Thar Yar delivers,

As notorious as Durian’s spikes,

Flushing out its crimes

through occasional labor strikes.

On its Special Menu,

Hlaing Thar Yar offers what is not available

in cultured neighborhood.

So it reads:

Squatter's settlement and sweat dripping wet.

One meal a day to survive and reeks of liquor.

Factory fumes and bloody brawls.

For those intolerant of mud stains,

Had it never been a place to set foot in;

Nevertheless ,turned out to be a gracious host,

For civilian leader, Aung San Su Kyi, and

A world-renowned actress, Angelina Jolie.

In earliest days of Myanmar Spring Revolution,

First ever defensive war, had it launched.

With its men, brandishing batons and swords,

Women chanting and cussing

"A firm grip on rubber band

MAL a bastard son".

"We won't give up without a fight",

said its people.

For the strong one is not always the one

on the winning side.

Goliah, the war giant,

Defeated by David,the Shepard,

Proved how things could happen the other way around.

People of Hlaing Thar Yar;

Might they hardly get a sniff of

MarginalValue Theorem.

Have they,however, known too well,

As to how little difference

their life and death would make-

A simple logic to comprehend,

As easy as chewing betel quids.

A bird, without its wings,

Shall take no flight.

So it goes for a revolution

devoid of working class.

Hoisting a black flag,

Prepared to fight for justice,

"Take my life if you dare

Next in line shall claim yours as well", declared they.

Flowers of the Spring , they truly are.

Having let no fear wither them away,

Flowers of the Spring, blooming in full swing,

To endure this stifling summer.